Short trip to Sandayaw Resort 🌊🌊🌊

လှိုင်းတုတွေနဲ့ ကမ်းခြေရောက်သွားသလို ရေဆော့ချင်လား ❓playgroundမှာ ငယ်ငယ်ကလို ရေကစားချင်လား❓

ရန်ကုန်မြို့နဲ့အနီးဆုံး Day trip သွားလို့ရမဲ့ နေရာလေးတစ်ခုကိုtravel blog လေးရေးပေးလိုက်ပါတယ် 😉

ရန်ကုန်- ပုသိမ် အဝေးပြေးလမ်းမကြီးပေါ်မှာပဲ ရှိတဲ့ Sandayaw resort လေးပါ 🤩🤩
ရန်ကုန်မြို့ထဲ ကနေ၂နာရီ လောက် လှိုင်သာယာ ကနေဆို မိနစ်၃၀လောက်ပဲသွားရတာဆိုတော့ ခရီးမပန်းတော့ဘူးပေါ့နော် 😁

~ ရေဆော့လို့ ရမဲ့ playground /လှိုင်းတု ကမ်းခြေ/ငါးဖမ်းအနားယူလို့လည်းရသေးတယ် 🤩🤩
~ hotel roomလေးမှာနားရင်တော့ မနက် ၇ ည ၇ အနားယူလို့ရပါတယ် ☺️ တစ်ရက်ကို၃၅၀၀၀ပါ
(weekend တွေ ဆို bookingကြိုတင်ထားမှ စိတ်ချရပါမယ်နော် 😉
~ အဓိကကတော့ အပြင်အစားအစာ ယူလာလို့ရပါတယ် ၁၀ ယောက်ဆို ၅၀၀၀ပါတဲ့ +🤩🤩
~ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်သွားဆော့ဖို့ အကြံပေးပါတယ်နော်
~ budget trip လို့လည်း စီစဥ်လို့ရတယ်
~ ရေချိုးခန်း /toiletတွေလည်း ကောင်းပါတယ်
~ ရေကူးဝတ်စုံဝယ်ချင်လည်းရပါတယ်
🔊 ဝင်ကြေးပေးပီးရင် လက်ပတ်လေးဝတ်ပေးပါတယ် အဲ့လက်ပတ်လေးကို မဖြုတ်ရင် ဝင်လိုက် ထွက်လိုက် it’s ok ပါ

Room မငှားပဲတနေကုန် ဘယ်လိုနေမလဲ ❓
စဥ်းစားနေရင် ရေကူးရေဆော့မယ် ပီးရင် နေ့လည် ရေနားချိန်လေးတော့ အဝတ်စိုနဲ့ပဲ နေ့လည်စာ စားကြသောက်ကြတယ်ပေ့ါ ဘာရယ်မဟုတ်ဘူး အချ်န်ကုန်သွားပါတယ် ပီးတော့ ရေပြန်ဆော့ကြပါတယ်

👉🏻တစ်နေကုန်ရေအဝဆော့ နားချင်ရင်တော့ စောစောသွားပါနော် ( နေ့လည် ရေပိတ်ချိန်ရောက်သွားပီး အိမ်ပြန်နောက်ကျလို့မရဘူးဆိုသူတွေအတွက် အဆင်မပြေမနိုင်ပါဘူးနော် )
AP တို့သွားတုန်းက ၁၂-၂ ရေနားပါတယ်နော်

👉🏻AP တို့ကတော့ ၁၀လောက်ရောက် ဓာတ်ပုံဘာညာရိုက်တာ ၁၁ ထိုးသွားတယ် ၁၂ လောက်ထိရေဆော့ပီး နေ့လည် ဘာညာ စားပီး အေးဆေးနားလိုက်ပီး ဟိုကြည့်ဒီကြည့်နဲ့တင် ၂ နာရီ ထိုးရော ရေပြန်ဆော့ လိုက်ပါတယ်

နေပူပီး အသားမဲမှာကြောက်ပေမဲ့ ထင်သလောက် ပူပါဘူးနော် ရေစိုပီးပျော်နေလို့ထင်ပါရဲ့ ၁၂-၂ ကရေနားထားတော့ အရမ်းပူနေတဲ့အချိန် အစားအစာအသောက်လေးနဲ့ ညိမ့်နေလိုက်တယ် 🤗
ကားရပ်နားခ /ဝင်ကြေးfree ပါ
ရေဆော့ ချင်ရင် လူကြီးတစ်ယောက် ကို ၈၀၀၀ပါ
၁၂နှစ်အောက် ကလေးတွေဆို ၆၀၀၀ပါ
ရေမကူးတက်ရင် jacket ဝတ်လို့ရပါတယ်
ရေဆော့ဖို့ပေါ့ပေါ့ပါးပါးဖစ်ရင်ရပေမဲ့ swimwearတွေဆိုပီးကောင်းပါတယ် ရေလွှာလျှောပါတော့ စီးလိုကောင်းတာပေါ့ 😁😁

apကတော့ အပေါ်ကရေတွေကျလာအကြိုက်ဆုံးပါပဲ သင်္ကြန်ရောက်နေသလိုခံစားရလို့ပါ 🤗
📌ရန်ကုန်နဲ့နီးနီးနားနား တခေါက်လောက်တော့ရောက်အောင် သွားကြည့်လိုက်ပါအုံးနော် 🤩🤩

apsplans #travelblog #resort

Leave a comment